ခံစားလို့ရတဲ့ သီချင်း


Saturday, August 27, 2011

နင်ပြုစားခဲ့တဲ့ ငါ

သာယာလှပါတဲ့
ကျနော့်ဘဝရဲ့ နံနက်ခင်းတချို့
ရိုးရှင်းစွာ ခံစားရင်
သူငယ်ချင်းတွေနဲ့ လျှောက်လည်ခဲ့ဘူးတယ်...x
ပကတိ သုညလို
ပွင့်လင်းစွာနေတတ်တဲ့ ကျနော်ကို
ခင်ဗျား ဘာလို့ချစ်ခဲ့တာလဲ...x
အသိမရှိသူတစ်ယောက်လို ရွက်ဆိုရင်
ကျနော့်အချစ်ကို မရခင်အထိ
ခင်ဗျား ရူးခဲ့ဘူးတယ်လေ...x
ကျနော် ခင်ဗျားကို ယုံကြည်ခဲ့မိတယ်
ကျနော်...
ခင်ဗျားရဲ့ မာယာတောထဲမှာ
နစ်မြုပ်ခဲ့တာ အလဲလဲ အကွဲကွဲပါဘဲဗျာ...x
ယုံစားမိလိုက်တဲ့ ကျနော်ဟာ
အချစ်ဆိုတဲ့ ခံစားမှု့ကြီးကို
ရင်ဝယ်ပိုက်လို့ ချစ်ခဲ့လိုက်တာများ
ကျနော့် မျက်ရည်တွေ မြေခခဲ့ရပါတယ်...x
ခံစားမှု့စိတ်တဒေသကို
အချစ်လို့ ထင်ခဲ့မိတဲ့ ခင်ဗျားအတွက်
လွယ်ကူစွာနဲ့ ကျောခိုင်းတတ်ခဲ့မှာပေါ့...x
ခင်ဗျား ရက်စက်တယ်
သွယ်တန်းခဲ့တဲ့ ဒီကြိုး
ဖြတ်ပစ်ခဲ့လိုက်တာများ
ကပ်ကြေးတစ်လက်တောင် မလိုခဲ့လိုက်မိဘူး...x
ခင်ဗျား မမှားခဲ့ပါဘူးလေ
ခံစားတတ်တဲ့ ကျနော်သာ
ကြေကွဲခဲ့ရတာပါ...x
အပြစ်မရှိသူ တစ်ယောက်လို
မြင်တတ်ခဲ့တဲ့ ကျနော်
ပတ်သက်မှု့တွေ အားလုံးကို
ဘယ်တော့....ဘယ်တော့မှ
မေ့ပျောက်ပစ်မှာ မဟုတ်ပါဘူး...x
ကျနော်...ညာပြောခဲ့ပါရစေ
"ခင်ဗျားကို မုန်းတယ်"
......။ ။

ပြုစားခံရတဲ့ သူ / မိုက်ခဲ့တဲ့လူတစ်ယောက်ရဲ့ ရာဇဝင်ရှင်းတမ်း

မိုးရွာတဲ့ ညတည
လေလွင့်ကြွေကျ အိပ်မက်တချို့နဲ့အတူ
အိပ်ယာမှာ ငါလန့်နှိုးခဲ့ဘူးတယ်...x
ဆိုးသွပ်မှု့တွေနဲ့ ယိမ်းနွဲ့
မလှပခဲ့တဲ့ ငါဘဝရဲ့ ကောက်ကြောင်းတစ်ခုက
ဒီကမ္ဘာကြီးမှာ အခြောက်တိုက်
ခြောက်ခြားခဲ့တာ မိုးမျက်ရည်ဘဲ...x
ငါမာယာများခဲ့တာ မဟုတ်ပါဘူး
ဒီလောကထဲမှာ ကျင်လည်သက်စားရင်
ခြေစုံပစ်ဝင်သွားခဲ့မိသူ တစ်ယောက်ပေါ့...x
ကောင်းကင်ကြီးမက ကြေကွဲမှု့တွေရင်းလို့
ဒီတံတားကို ငါရိုက်ချိုးခဲ့ပြီးပါပြီ
သူငယ်ချင်းရေ....
ငါ ဝန်ခံပါတယ်
ဒီတသက် ဘယ်တော့မှ ခြေဦးမလှည့်ဘူး...x
နေပါစေတော့ ရွက်သစ်ရယ်
လျှောက်ခဲ့ပြီးတဲ့လမ်းမှာ
နောက်ပြန်မလှည့်ပါရစေနဲ့
ဒီကမ္ဘာနဲ့ ဒီလူတွေကြားမှာ
တိတ်ဆိတ်စွာ ထွက်ခွါသွားပေးပါ့မယ်...။ ။

Sunday, May 1, 2011

တစ်ခွန်းစကား

ရနံကိုတော့ရတယ်
ဒါပေမယ့်….ငါ့ကိုမွှေးတာမဟုတ်ဘူး ။
ဒီတောအုပ်ဒီကျောက်သားက
ရင်အုံ့မောက်မောက်နဲ့ပြားနေလိုက်တာ ။
ဘာဖြစ်လဲ
ငါဟာ….သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်…။

တာရာမင်းဝေ

Saturday, April 30, 2011

ကျနော်ခံစားမိသောအရာ..

တစ်ရံရောအခါကပေါ့........
လယ်သမားကြီးတယောက်မှာ နွားအိုကြီးတကောင်ရှိသတဲ့။
တနေ့မှာတော့ အဲဒီနွားအိုကြီးဟာ ရေခန်းနေတဲ့
ရေတွင်းနက်ကြီး တစ်တွင်းထဲကို ချော်ကျသွားပါလေရောတဲ့။ နွားကြီးခမျာ
နာကျင်တာကတစ်ကြောင်း တွင်းထဲကနေ ပြန်မတက်နိုင်တာတော့တာမို့
ထိတ်လန့်လာလို့တစ်ကြောင်း တို့ကြောင့် ငယ်သံပါအောင် အော်တော့တာပေါ့။
နွားကြီးရဲ့အော်သံကိုလည်းကြားရရော
လယ်သမားကြီးလည်း အပြေးရောက်လာပြီး ကြည့်လိုက်တဲ့အခါ ရေတွင်းထဲကျနေတဲ့
သူ့နွားကြီးကို တွေ့ရပါတယ်။ ခက်တာက တွင်းကလည်းအနက်ကြီး နွားကြီးရဲ့
ကိုယ်ကလည်း အလေးကြီးဖြစ်နေတာပဲ။ ဖြစ်နိုင်မယ်ဆိုဦးတောင်မှ
သည်နွားကြီးကိုတွင်းထဲကနေ မပြီးထုတ်ဖို့ဆိုတာ တော်တော်တော့ မလွယ်ဘူးလို့
လယ်သမားကြီးက တွေးလိုက်မိသတဲ့။
ဒါနဲ့ လယ်သမားကြီးက စဉ်းစားတယ်။
နွားကြီးလည်းအိုလှပြီ။ ရေတွင်းကလည်း
ခန်းခြောက်နေပြီ။ အဲဒီတော့ နွားကြီးကို ရေတွင်းထဲမှာပဲ အရှင်လတ်လတ်
မြှုပ်လိုက်တာက အကောင်းဆုံးပဲလို့ လယ်သမားကြီးက တွေးသတဲ့။
ဒါမှလည်း ပြဿနာနှစ်မျိုးကို
ရှင်းပြီးသားဖြစ်သွားမှာပေါ့။ တခုက နွားကြီးရဲ့ ဒုက္ခကို တစ်နည်းတစ်ဖုံ
ဖြေရှင်းပေးရာရောက်သလို သုံးမရတော့တဲ့ ရေတွင်းဟောင်းလည်း တစ်ခါတည်း
ဖို့ပြီးသားဖြစ်သွားမှာလေ။
ဒါနဲ့ လယ်သမားကြီးလည်း အနီးဝန်းကျင်ကလူတွေကို
အကူအညီသွားတောင်းလိုက်သတဲ့။ ပတ်ဝန်းကျင်ကလူတွေကလည်း အားတက်သရောပါပဲ။
ဝိုင်းကူကြတယ်။
သည်လိုနဲ့ မြေကြီးတွေကို ဂေါ်ပြားတွေနဲ့ ကော်ပြီး
တွင်း ထဲကိုပို့ကြတဲ့အခါ နွားကြီးရဲ့ကျောပေါ်ကို မြေကြီးတွေ
တဖုတ်ဖုတ်ကျလာတော့တာပေါ့။ လူတွေ ဘာလုပ်နေမှန်း သိသွားတဲ့အခါ နွားကြီးလည်း
တော်တော့်ကို ဆောက်တည်ရာမရ ဖြစ်သွားတော့တယ်။
အဲသည်လို ဆောက်တည်ရာမရဖြစ်နေတဲ့ကြားကပဲ
နွားကြီးရဲ့ခေါင်းထဲမှာ အကြံတချက်လက်ခနဲ ပေါ်လာသတဲ့။ ဒါနဲ့ အပေါ်ကလူတွေ
သူ့ကျောပေါ်ကို မြေကြီးတစ်ကော်ထိုးချလိုက်တိုင်း သူကကျောပေါ်ကမြေကြီးတွေကို
ခါထုတ်လိုက်ပြီး သူ့ခြေထောက်အောက်ကိုရောက်သွားတဲ့
မြေကြီးပေါ်ကိုတက်တက်ရပ်လေသတဲ့။
သည်လိုနဲ့ ကြာလာတဲ့အခါ နွားကြီးလည်း တစ်ကိုယ်လုံးကို
ပေရေညစ်ပတ်ပြီး နုံးချိနေတော့တာပေါ့။ ဒါပေမယ့် အသက်ကတော့
ရှင်မြဲရှင်လျက်ပဲ။ မြေကြီးတွေ ကျောပေါ်ကျလာလိုက် ခါထုတ်လိုက်
ခြေထောက်အောက်ရောက်သွားတဲ့ မြေကြီးတွေကိုနင်းပြီး တက်လိုက်နဲ့
လုပ်လာလိုက်တာ နောက်ဆုံးမှာတော့ တွင်းနှုတ်ကိုရောက်သွားပြီး အသက်လည်း
ချမ်းသာရာရသွားပါတော့သတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။
ဒါပေမယ့် ပုံပြင်လေးးကပေးလိုက်တဲ့ စိတ်အခံလေးကတော့
ကျွန်တော်တို့ လူသားတွေအနေနဲ့ ဘ၀မှာရင်ဆိုင်ရဲဝံ့စရာ
အချက်လက်သစ်တစ်ခုပါပဲ။အဲဒီ စိတ်အခံကတော့
ခါထုတ်ပြီးနင်းတက်မယ်ဆိုတဲံသဘောထားလေးပါ။
ကျွန်တော်တို့တွေဟာ တစ်ခုခုကိုဆိုရင်
ကြိတ်မနိုင်ခဲမရနဲ့ စိတ်ထဲမှာ မပြီးနိုင် မစီးနိုင်ဖြစ်နေတတ်တာ ခဏ
ခဏပါပဲ။ တချို့ဟာတွေဆို တစ်ပတ်လောက်ကို တနုံ့နုံ့ တချို့ဟာတွေကျတော့
တစ်လလောက် တစ်ချို့ဆိုရင် နှစ်နဲ့ကို ချီလို့ ခေါင်းထဲကကို ဖျောက်မရနိုင်
ခါမထုတ်နိုင်တာများလေ
ဦးနှောက်စားတယ် ဆိုတာ အဲဒါမျိုးပေါ့ ။
ကျွန်တော်တို့ရဲ့ အပျော်တွေ စိတ်ချမ်းသာမှုတွေ၊ စိတ်အေးချမ်းမှုတွေနဲ့
ပေးဆပ်နေရတာတွေပေါ့။ အတိတ်ကနာကျင်ခံစားမှုတွေဟာ ခါးသီးမှု၊ အမုန်းတရား၊
အမျက်ဒေါသ နဲ့ အာဃာတများကို ဖန်တီးနေတာပဲ မဟုတ်ပါလား။
ကျွန်တော်တို့ဟာ အဲဒီ ခါးသီးမှု ၊ အမျက်နဲ့
အာဃာတဆိုတဲ့ နာကျင်ခံစားမှု မြေကြီးတွေကို ကျွန်တော်တို့ ကျောပေါ်ကို
နေ့စဉ်လိုပဲ အကျခံနေကြရပါတယ်။ အဲဒါတွေကို သည်အတိုင်း
ငြိမ်ခံနေမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း တွင်းထဲမှာ အရှင်လတ်လတ်

သဂြိုင်္ဟ်ခံလိုက်ရသလိုပဲ နေတော့မှာပေါ့။ ဆက်ဆံရေးတွေမှာလည်း တစ်ယောက်နဲ့
တစ်ယောက်ကြား နံရံကြီးတွေ ထူဖြစ်သွားမယ်။တစ်ယောက်နဲ့တစ်ယောက်
မဆုံဖြစ်အောင်ရှောင်နေမယ် ၊ သည်လိုနဲ့ မခေါ်နိုင်
မပြောနိုင်ဖြစ်ကုန်တဲ့အထိ ကွဲတဲ့ ကွာတဲ့အထိ ၊ပြတ်တဲ့တောက်တဲ့ အထိ
စစ်အေးတိုက်ပွဲတွေ ဖြစ်တဲ့အထိ ဖြစ်ကုန်ပါတော့မယ် ၊
ဒါပေမယ့် လူရယ်လို့ဖြစ်လာရသမျှထဲမှာ

တန်ဖိုးအရှိဆုံး အရာတစ်ခုရှိတာကို ကျွန်တော်တို့တွေမေ့နေကြတယ်။
အဲ့ဒါကတော့ ကျွန်တော်တို့ လူသားတွေမှာ
ရွေးချယ်ခွင့်တွေ ရှိနေတာပါပဲ၊ နာကျင်ခံစားမှုတွေကို ကိုယ့်ကိုယ်တွင်းမှ
မွေးမြူသိမ်းဆည်းထားမလား၊ ဒါမှမဟုတ် အဲ့ဒါတွေကို ခါထုတ်ပြီး နင်းတက်မလား
ကိုယ့်ဘာသာရွေးချယ်ရုံပါပဲ။
ကြိုးစားကြည့်ကြစမ်းပါ၊ ခါထုတ်ပြီးနင်းတက်ရအောင်လား၊
တစ်ဖက်သားကပြောလိုက်ပြီးတဲ့ စကားတွေ ၊
ပြုလိုက်ပြီးတဲ့ အပြုအမူတွေကို ခါထုတ်ပြီး နင်းတက်လိုက်ကြပါစို့၊
ဒါမှမဟုတ်လည်း ကိုယ်ပြောလိုက်မိတဲ့ စကား၊ ပြုလိုက်မိတဲ့ အမှုတွေ အတွက်လည်း
တနုံ့ နုံ့ ဖြစ်မနေတာ့ဘဲ အားလုံးကို ခါထုတ်ပြီး နင်းတက်ကြရအောင်၊
တစ်ယောက်ယေက်က ရိုင်းရိုင်းစိုင်းစိုင်းပြောလိုက်တာ၊ ဒါမှမဟုတ်
ကိုယ့်ရဲ့ အတိတ်ကအမှားအယွင်းတစ်စုံတစ်ရာ ဘာကိုပဲဖြစ်ဖြစ်
လျစ်လျူရှုလိုက်မယ်ဆိုတာနဲ့ တစ်ပတ်အတွင်းမှာ စိတ်ချမ်းသာသွားတော့မှာ
သေချာလို့နေပါတယ်၊ ပြန်စဉ်းစားကြည့်ပါ၊
ကျွန်တော်တို့တွေရဲ့ ဘ၀တွေမှာ အဲဒါတွေကပဲ
တစ်ချိန်လုံးကြီးစိုးနေတာ မဟုတ်လား၊ တစ်ခါတစ်လေများဆိုရင်
နာကျင်ခံစားမှုတွေကို ပိုးမွေးသလိုတောင် မွေးထားမိရဲ့၊
အချိန်တွေကြာလာတဲ့အခါ ပျောက်ပျက်မသွားတဲ့အပြင် တနုံ့နုံ့နဲ့
ပြန်စဉ်းစားရင်းက ပိုလို့တောင် နာကျင်နေ၊ခံစားမိနေရသေးတာတွေလည်း မနည်းဘူး၊
အကောင်ူးဆုံးကတော့ ဘာပဲဖြစ်လာဖြစ်လာ အသာတကြည်
လက်ခံလိုက်ဖို့ပါပဲ၊ ဖြစ်လာတာကို သေချာသုံးသပ်
သင်ခန်းစာယူဖို့ပဲလိုပါတယ်၊ ပြီးရင်တော့ ခါထုတ်လိုက်ပြီး အဲ့ဒီ
သင်ခန်းစာတွေအပေါ်မှာ နင်းတက်နိုင်ဖို့ပါပဲ၊
ခါထုတ်လိုက်နို်င်ပြီဆိုတာနဲ့ တစ်ပြိုင်နက်
စိတ်လက်ပေါ့ပါးသွားပြီ။ ဒါဆိုရင် နင်းတက်ဖို့လည်း လွယ်ကူသွားပါပြီ။
ဒါဆိုရင် အတိတ်ကအရိပ်ဆိုတဲ့ တွင်းနက်ကြီးထဲမှာ အရှင်လတ်လတ်
သဂြိုင်္ဟ်ခံရမဲ့ အရေးကလည်းဝေးသထက်ဝေးသွားတော့မှာပါ။
တွင်းနှုတ်ခမ်းပေါ် မားမားမတ်မတ်
ပြန်ရောက်လာပြီဆိုတာနှဲု တစ်ပြိုင်နက် တစ်ခုမဟုတ် တစ်ခု လုပ်နိုင်တော့မှာလည်းသေချာပါတယ်။
ကိုယ့်ဘ၀ကိုယ် ဘယ်လိုထူထောင်မယ်
ဘယ်လမ်းကိုသွားမယ်ဆိုတာ လူတိုင်း လူတိုင်း ကိုယ့်ဘာသာဆုံးဖြတ်ကြရမှာပါပဲ။
ဆိုခဲ့သလိုပဲ လူဖြစ်ရတာ အင်မတန်ကံကောင်းပါတယ်
လူဖြစ်နေတဲ့အတွက် ရွေးချယ်မှုတွေရှိနေတယ် မဟုတ်လား။
အဲ.......... အဲ့ဒီရွေးချယ်ခွင့်တွေကို
အကောင်းဆုံး အသုံးချနိုင်ဖို့ကတော့ ကျွန်တော်တို့အားလုံးရဲ့ အသိဥာဏ်နဲ့ပဲ
သက်ဆိုင်လိမ့်မယ်လို့  ကျွန်တော်ကတော့ ယုံပါတယ်။
စာဖတ်သူလူကြီးမင်းရော ဘယ်လိုသဘောရပါသလဲ?







ဆရာအတ္တကျော် ရေးထားတာပါ...။ ။

Saturday, November 13, 2010

ရစ်သမ်တစ်ခု

အခန်းထဲမှာ ဗီရိုကြီးက ငေးလို့
မှင်မရှိတဲ့ ဘောပင်တစ်ချောင်းကို
ကောင်လေးတစ်ယောက် သိမ်းဆည်းထားမိလေရဲ့ 
ပျော်ရွှင်ခြင်းတွေက ခပ်ဝါးဝါးနဲ့ပေါ့….။ ။
နင်သာ အလင်းရောင်ဖြစ်ခဲ့မယ်ဆိုရင်…
နေကြာပန်းလို နင်ရှိရာ အရပ်ကို မျက်နှာမူရင်း
ပူပြင်းတဲ့ အလင်းရောင်ကို တပ်မက်စွာနဲ့
ငါ့မျက်နှာကို ဝင့်ကြွားလို့ ခေါင်းမော့ထားပေးပါ့မယ်…။ ။
အခန်းကျဉ်းထဲက ပန်းချီကားမှာ
မြွေတစ်ကောင်နဲ့
ပန်းသီးတစ်လုံးဘဲပါ၏။
နံရိုးတစ်ချောင်းကတော့ မျက်ခုံးတလှုပ်လှုပ်နဲ့ပေါ့…။ ။


Sunday, January 31, 2010





ဂစ်တာ တစ်လက်
အရက်တစ်ခွက်နဲ့
အထီးကျန် ငါတစ်ယောက်

Popular Posts

Blogger templates

 

Blogger news

Blogroll

About